၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၂၅ ဦး သေဆုံးပြီး ၁၆၇ ဦး ဒဏ်ရာရ

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၂၅ ဦး သေဆုံးပြီး ၁၆၇ ဦး ဒဏ်ရာရ
ဇူလိုင် 25, 2024 | 2021 Military Coup| ရှမ်းမြောက်

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း (၁)လပြည့်တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၂၅) ဦးသေဆုံးပြီး (၁၆၇)ဦး ဒဏ်ရာရရှိကာ နေအိမ် (၉၃)လုံး၊ ဘုန်းကြီးကျောင်း (၈)ကျောင်းနှင့် စာသင်ကျောင်း (၇)ကျောင်းတို့ ပျက်စီးသွားသည်ဟု TNLA ထံမှ သိရသည်။

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ (၁)လအတွင်းတွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၄)ဦး၊ အမျိုးသား (၂၄)ဦး သေဆုံးပြီး အမျိုးသား (၁၅)ဦးနှင့် အမျိုးသမီး (၂၁)ဦး၊ ကလေး (၄)ဦးဒဏ်ရာရရှိကာ နေအိမ် (၃၇)လုံး၊ ဘုန်းကြီးကျောင်း (၂)ကျောင်းနှင့် စာသင်ကျောင်း(၂)ကျောင်းတို့ ပျက်စီးခဲ့ရသည်ဟု သိရသည်။

နောင်ချိုမြို့နယ်တွင်လည်း အရပ်သားအမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၈)ဦးသေဆုံးပြီး အမျိုးသမီး(၃)ဦးနှင့် အမျိုးသား(၁)ဦးထိဒဏ်ရာရရှိကာ အရပ်သားနေအိမ် (၁၃)အိမ်၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် စာသင်ကျောင်း(၁)ကျောင်း ထိခိုက်ပျက်စီးသွားသည်ဟု ဆိုသည်။

မိုးကုတ်မြို့နယ်တွင်လည်း အမျိုးသမီး(၈)ဦး၊ ကလေး(၉)ဦး၊ အမျိုးသား(၁၁)ဦး သေဆုံးပြီး အမျိုးသား (၂၆)ဦး၊ အမျိုးသမီး (၂၂)ဦးနှင့် ကလေး(၁၀)ဦး ဒဏ်ရာရကာ လူနေအိမ် (၂၉)လုံးနှင့် ဘုန်းကြီးကျောင်း(၂)ကျောင်း ပျက်စီးသည်ဟု သိရသည်။

မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးပြီး အမျိုးသား (၈)ဦး၊ အမျိုးသမီး (၄)ဦး ဒဏ်ရာရရှိကာ နေအိမ်(၅)လုံးနှင့် စာသင်ကျောင်း(၂)ကျောင်း ပျက်စီးသည်ဟု သိရသည်။

လားရှိုးမြို့တွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် အမျိုးသား (၂၁)ဦး၊ အမျိုးသမီး(၁၂)ဦး၊ ကလေး (၅)ဦးသေဆုံးပြီး အမျိုးသား (၂၇)ဦး၊ အမျိုးသမီး(၂၁)ဦးဒဏ်ရာရကာ အရပ်သားနေအိမ်(၉)လုံး၊ ဘုန်းကြီးကျောင်း(၃)ကျောင်းနှင့် စာသင်ကျောင်း(၂)ကျောင်း ပျက်စီးသည်ဟု သိရသည်။

သီပေါမြို့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သားပြည်သူ (၅)ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရသည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: PSLF/TNLA News