ရွှေဘိုမြို့နယ် ညောင်ကိုင်းပျူစောထီးကျေးရွာတွင် ကင်းစောင့်နေသည့် ပျူစောထီးများအား Fix Wing Drone ဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

ရွှေဘိုမြို့နယ် ညောင်ကိုင်းပျူစောထီးကျေးရွာတွင် ကင်းစောင့်နေသည့် ပျူစောထီးများအား Fix Wing Drone ဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းပျူစောထီးကျေးရွာတွင် ကင်းစောင့်နေသည့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ Fix Wing Droneဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း ဗိုလ်မဟာ Shwebo ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ညောင်ကိုင်းပျူစောထီးကျေးရွာစခန်းရှိ အနောက်ကင်းတွင် ကင်းစောင့်နေသည့် ပျူစောထီးခြောက်ဦးအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ဇူလိုင်လ (၆) ရက်နေ့ မနက် (၉)နာရီခန့်တွင် Fix Wing Drone ဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် ကင်းစောင့်နေသည့် ပျူစောထီးများအား ထိမှန်ခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေအနေများအား ဆက်လက်စုံစမ်းနေကြောင်း ဗိုလ်မဟာ Shwebo ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်မဟာ Shwebo ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မဟူရာရွှေဘိုသား LPDF ၊ Daung Man ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Zay Ya Thwe ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ကြောင်ရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် Snake Eye [B4-C3] အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency