တာချီလိတ်မြို့တွင် ကျားဖြန့် လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၂၉၅)ဦး ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် ကျားဖြန့် လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၂၉၅)ဦး ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့  ပါဆတ်ရပ်ကွက်အတွင်း၌ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား စုစုပေါင်း (၂၉၅)ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

 တာချီလိတ်မြို့  ပါဆတ်ရပ်ကွက်အတွင်း လွန်းကျိုင်းလမ်းရှိ နေအိမ်အမှတ်(မ-၃/၂၃၂)တွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် အထောက်အထားမဲ့ တရုတ်များကို ၂၀၂၄ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသား အမျိုးသား(၂၈၈)ဦး နှင့် အမျိုးသမီး (၇)ဦး စုစုပေါင်း (၂၉၅)ဦးတို့ကို လက်ကိုင်ဖုန်း စုစုပေါင်း (၉၀၀) နှင့်အတု လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

 ၂၀၂၄ ခုနှစ် ဇွန်လ(၂၄)ရက်နေ့ နံနက်အစောပိုင်းအချိန်ကလည်း တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မနီးမဝေး (၄)လမ်းရှိ နေအိမ်ခြံဝန်းအတွင်းမှ  ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား(၁၀၀)နီးပါးကိုလည်း ဖမ်းဆီးရမိခဲ့သေးသည်။