၀မ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူ၍ထွက်လာသည့် ကြေးနီတင်တွဲကားယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ

၀မ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူ၍ထွက်လာသည့် ကြေးနီတင်တွဲကားယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူထွက်လာသည့် ကြေးနီတင်တွဲကားယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywaထံမှ သိရသည်။

ဝမ်ပေါင်ကြေးနီစီမံကိန်းမှထွက်လာသည့် ကြေးနီတင်တွဲကား (၁၉)စီးပါ ယာဉ်တန်းအနက် နောက်ဆုံးလိုက်ပါလာသည့် စစ်ကောင်စီတွဲကား (၄) စီးအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ နတ်ရေကန်နှင့် ရေပိုးစားကြား၌ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုကြောင့် ကားခေါင်းခန်းများတွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း People's Defence Force-South Monywa အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa၊ နွေဦးလူငယ် People's Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram နှင့် မြန်မာအစ္စလာမ် အထူးကွန်မန်ဒိုတပ်ဖွဲ့တို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းနှင့် တပ်ဖွဲ့ဝင်များကို အခွင့်အရေးရသလို ပြောက်ကျားတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများ ပြုလုပ်လျှက်ရှိပြီး ယခု တိုက်ခိုက်မှုသည် ဇွန်လအတွင်း ချောင်းဦး-မုံရွာလမ်းပိုင်းတွင် အဖွဲ့အစုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (၁၃) ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency