ရေး-ထားဝယ်လမ်းပိုင်းတွင် စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်ထားဟု တော်လှန်ရေးအဖွဲ့များထုတ်ပြန်

ရေး-ထားဝယ်လမ်းပိုင်းတွင် စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်ထားဟု တော်လှန်ရေးအဖွဲ့များထုတ်ပြန်

စစ်ကောင်စီကို အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်ရန် စီစဉ်ထားပြီဖြစ်ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ(၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် ရေး-ထားဝယ်လမ်းပိုင်းအား စစ်‌ကောင်စီက ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်ရန် ကြိုးစားခြင်းကြောင့် တော်လှန်ရေးတပ်များက ပြန်လည်ထိုးစစ်ဆင်ရန် စီစဉ်ထားခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်ရာတွင် စစ်ကောင်စီဘက်မှ အရပ်သားပြည်သူများအားအသုံးပြုခြင်း၊ အရပ်သားအသွင်ယူ၍ စစ်အင်အားဖြည့် တင်းခြင်းတို့ကို ပြုလုပ်နေသည့်အတွက် ပြည်သူများ ထိခိုက်မှု မရှိစေရန်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆင်ရေးဖော်ဆောင်မှု လွယ်ကူစေရန် အသိပေးထုတ်ပြန်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ လမ်းပိုင်းတလျှောက် ဖြန့်ကျက်ထားသည့် တပ်ရင်းတပ်ဖွဲ့များက စစ်ရေးအရှိန်အဟုန်မြှင့်တင်ပြီး စစ်ကောင်စီကို အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်မည်ဟု ဆိုသည်။

ထုတ်ပြန်ချက်တစုံတရာ မပြုလုပ်မခြင်း ပြည်သူများမှ ရေး-ထား ဝယ်လမ်းပိုင်းအား အရေးတကြီးမလိုအပ်ဘဲ လုံးဝအသုံးမပြုရန် တောင်းဆိုထားသည်။ 

ထုတ်ပြန်ကြေညာချက်အား လိုက်နာရန်နှင့် ထုတ်ပြန်ချက်အား လိုက်နာရန်ပျက်ကွက်ခဲ့ပါက ဖြစ်ပျက်လာမည့်အကျိုးဆက်များအား ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုက လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency