ခန္တီးခရိုင်နှင့် မော်လိုက်ခရိုင်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၃၉ လက်ရရှိ

ခန္တီးခရိုင်နှင့် မော်လိုက်ခရိုင်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ ၃၉ လက်ရရှိ

စစ်ကိုင်းတိုင်း ခန္တီးခရိုင်နှင့် မော်လိုက်ခရိုင်၌ ၂၀၂၄ ခုနှစ် မေလစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ငယ်(၃၉)လက်၊ ကျည်မျိုးစုံ (၇၅၇၂)တောင့်၊ ဗုံးမျိုးစုံ အလုံး (၃၀)ကျော် နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသထံမှ သိရသည်။

ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းရွာ၊ ပုရစ်ရွာ၊ ဖာနိုင်းရွာ၊ မုက္ကလိရွာ၊ သာဂေါင်းငေါရွာ၊ မြင်သာ-ငိုးပင်းရွာ၊ ဇီးပင်သာရွာ၊ မယ်ဇလီရွာ၊ ရေလဲရွာ၊ တီလောင်လမ်းဆုံနှင့် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာ၊ အရှေ့ခမိုင်းရွာ၊ သက္ကယ်ကျင်းရွာ၊ ဆည်ချောင်းရွာ၊ ပုဂံတောင်ရွာ၊ ဟာပါရွာ၊ ညောင်ကုန်းရွာ၊ ချောင်းခွရွာ၊ မယ်ဇလီရွာ၊ ခုံသာရွာ၊ နန်းပန်ရွာ၊ အင်းဝိုင်းရွာ၊ မော်လိုက်ကုန်းရွာ၊ ရွှေထီးကုန်းရွာနှင့် ဆိတ်စားရွာအနီး စစ်ကောင်စီစခန်းများမှ ရရှိခဲ့သည့် လက်နက်ခဲယမ်းများဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းများကို ခန္တီးခရိုင်တပ်ရင်းများ၊ မော်လိုက်ခရိုင်တပ်ရင်းများ၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာ ပကဖ များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၃၂)ဦး၏ သေဆုံးအလောင်းများရရှိခဲ့ပြီး (၁၀၀)ဦးခန့် သေဆုံးနိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားသောနေရာများသာမက တိုက်ပွဲမဖြစ်ပွားသည့်နေရာများကိုပါ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်(၂၉)ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: အမှတ် (၁) စစ်ဒေသ