ကျောက်ဆည်မြို့နယ်တွင် စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးနေသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ကျောက်ဆည်မြို့နယ်တွင် စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးနေသည့် ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်တွင် စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးနေသည့် ပျူစောထီးခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းကြောင်း ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် (Kyaukse Revolution Army K.R.A) မှ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကျောက်ဆည်မြို့နယ် သင်ပျိူကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်း ပျူစောထီးခေါင်းဆောင်ကို ဇွန်လ (၆) ရက်နေ့ နေ့လယ် (၁)နာရီခန့်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Kyaukse Revolution Army K.R.A မှ သတင်းထုတ်ပြန်သည်။

ရှင်းလင်းမှူအပြီး ပျူစောထီးခေါင်းဆောင်ထံမှ ၉ မမ ပစ္စတိုကျည် (၇)တောင့်၊ လက်ကိုင်ဖုန်း (၃)လုံး၊ ငွေ (၂)သောင်းနှင့် ဆိုင်ကယ်တစ်စီးတို့ကို  သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင်သည် စစ်ကောင်စီဂိတ်များသို့ ရိက္ခာများပေးပို့ခြင်း ၊ ပြည်သူလူထုအပေါ် စစ်ကောင်စီနှင့်ပူးပေါင်း၍ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းပေးနေခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Kyaukse Revolution Army K.R.A အဖွဲ့မှ ဆိုသည်။

ပစ်ခတ်ရှင်းလင်းမှုကို ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် (KRA)နှင့်အတူ ကျောက်ဆည် KDDF၊ စဉ့်ကိုင်မြို့နယ် (ပ.က.ဖ)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency