ကျင်ဒွေးမြို့သိမ်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် အမှတ် (၁) စစ်ဒေသ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃)မှ ပြန်လည်စုဖွဲ့လေ့ကျင့်နေ

ကျင်ဒွေးမြို့သိမ်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် အမှတ် (၁) စစ်ဒေသ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃)မှ ပြန်လည်စုဖွဲ့လေ့ကျင့်နေ

ကျင်ဒွေးမြို့သိမ်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် အမှတ် (၁)စစ်ဒေသ၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃)၏ ပြန်လည်စုဖွဲ့ လေ့ကျင့်နေမှု ပုံရိပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့ မေလ (၂၆)ရက်နေ့တွင် ထုတ်ပြန်သည်။

ကျင်ဒွေးမြို့ရှိ စစ်ကောင်စီစခန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအပါအဝင် အခက်အခဲမျိုးစုံကြားထဲမှ တိုက်ပွဲရပ်နားခဲ့ခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ကာ လေးလကျော်ခန့်အကြာ ဧပြီလ (၂၉)ရက်နေ့တွင် ကျင်ဒွေးမြို့ရှိ စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် ရက္ခိုင့်တပ်တော် (AA)၏ စစ်ရေးအကူအညီဖြင့် ချင်းညီနောင်တပ်ဖွဲ့ဝင်များ၊ YDF၊ GZA တပ်ဖွဲ့များ၊ BNRAနှင့် ဂန့်ဂေါခရိုင် တပ်ရင်း (၁၃)တို့ ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: MOD NUG