ကျိုင်းတုံမြို့ရှိ နှင်းဆီရွှေဆိုင် ဓါးပြတိုက်ခံရ

ကျိုင်းတုံမြို့ရှိ နှင်းဆီရွှေဆိုင် ဓါးပြတိုက်ခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံမြို့ရှိ နှင်းဆီရွှေဆိုင် ဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့  အမှတ်(၂)ရပ်ကွက်အတွင်း လွိုင်မွေလမ်းရှိ နှင်းဆီရွှေဆိုင်တွင် ၂၀၂၄ခုနှစ် မေလ(၁၄)ရက်နေ့၏ ညနေပိုင်း အချိန်က ဓါးပြတိုက်ခံရခြင်း ဖြစ်သည်။

ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် အမျိုးသား(၃)ဦးသည်   Mask များ တပ်ဆင်ထားပြီး နှင်းဆီရွှေဆိုင်အတွင်း ဝင်ရောက်လာကာ သေနတ်နှင့် ဓါးများဖြင့် ချိန်ရွယ်ခြိမ်းခြောက်ပြီး ရွှေများထည့်ထားသည့် မှန်အချို့ကို ရိုက်ခွဲကာ ရွှေထည်ပစ္စည်းများကို ယူဆောင် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီး မကြာမီအချိန်ပိုင်းအတွင်း တရာခံများကို ဖမ်းဆီးရမိကြောင်း နှင့် ၎င်းတို့အား စစ်ကြောရေး ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။