သုံးနှစ်တာကာလအတွေ့အကြုံများကိုအခြေခံကာ တရားရုံးများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဟု NUG ပြည်ထောင်စုဝန်ကြီးပြော

သုံးနှစ်တာကာလအတွေ့အကြုံများကိုအခြေခံကာ တရားရုံးများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဟု NUG ပြည်ထောင်စုဝန်ကြီးပြော

လွန်ခဲ့သည့်သုံးနှစ်ကာလ အတွေ့အကြုံများကိုအခြေခံကာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် တရားရုံးများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃)နှစ်ပြည့် ပြည်သူသို့ အစီရင်ခံခြင်း ထုတ်ပြန်ချက်တွင် NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနအနေဖြင့် လာမည့်အနာဂတ်ကာလတွင် တည်ဆောက်မည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် တရားစီရင်ရေး ၊ တရားဥပဒေစိုးမိုးရေးနှင့်ပက်သက်သည့်ကိစ္စများ အကျဉ်းထောင်ဥပဒေနှင့် ပြုပြင်ရေးဆိုင်ရာကိစ္စရပ်များကို အဓိကထားဆောင်ရွက်နေပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် မြို့နယ်တရားရုံး (၂၈)ရုံး တည်ထောင်ဖွင့်လှစ်ထားကာ ဥပဒေတာဝန်ခံပေါင်း (၃၀) ကျော်နှင့် ဥပဒေရုံးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်သုံးချောင်းထောင်ပြီးစခဲ့သည့် နွေဦးတော်လှန်ရေးသည် ယခုဆိုလျှင် လွတ်မြောက်နယ်မြေများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၊ စိုးမိုးနယ်မြေများတွင် ရှိနေသည့်ပြည်သူလူထုအပေါ် တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရန် ကြိုးစားဆောင်ရွက်နေကြောင်း ဦးသိန်းဦးမှပြောသည်။

အခုလိုကာလတွင် တရားလက်လွတ်ဖြစ်နေသည့်ကိစ္စရပ်များကို လက်တွေ့ကျကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် အထူးလိုအပ်နေပြီး၊ ထိုမှသာ ပြည်သူလူထုနှင့် ကမ္ဘာကြီးကပါ မျှော်လင့်နေသည့် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများကို စံတန်ဖိုးများနှင့်အညီ တော်လှန်ရေး၏ အသီးအပွင့်များနှင့် ထိုက်တန်သည့် နိုင်ငံတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency