ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDFတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရရှိ

ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDFတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများရရှိ
ဇန်နဝါရီ 3, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ် ခလရ (၂၇၂)ကို ပြည်သူ့ကာကွယ်ရေးတပ်များက ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသထံမှ သိရသည်။

ဟုမ္မလင်းမြို့နယ် တောင်တွက်ရွာသို့ ဖောင်းပြင်မြို့မှ စစ်ကူထွက်လာသော ခလရ(၂၇၂) စစ်ကြောင်းအား မော်လိုက်ခရိုင်တပ်ရင်းမှ  ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၃)ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ထံမှ MA-3 (၂)လက်၊ ကျည်မျိုးစုံ (၂၃၀၀)‌ကျော်၊ ဗုံးသီးမျိုးစုံ (၂၀)ကျော်၊ မိုင်း (၂)လုံးနှင့် ကျည်အိမ် (၁၀) ကျော် သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency