နွားထိုးကြီး-မြို့သာလမ်းပိုင်းတွင် အစစ်ဆေးမခံဘဲထွက်ပြေးသည့် ဒုရဲအုပ်တစ်ဦးအား PDF ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

နွားထိုးကြီး-မြို့သာလမ်းပိုင်းတွင် အစစ်ဆေးမခံဘဲထွက်ပြေးသည့် ဒုရဲအုပ်တစ်ဦးအား PDF ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

မန္တလေးတိုင်း နွားထိုးကြီး-မြို့သာလမ်းပိုင်းတွင် ယမန်နေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့ နေ့လယ်ပိုင်းက အစစ်အဆေးမခံဘဲ ထွက်ပြေးသည့် ဒုရဲအုပ်တစ်ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ်‌(၄) တပ်ရင်းထံမှ သိရသည်။

Natogyi People Defence Force မြင်းခြံခရိုင် အမှတ်‌(၄) တပ်ရင်းသည် အဆိုပါလမ်းပိုင်း၌ ရှောင်တခင်စစ်ဆေး‌နေစဉ် နွားထိုးကြီးဘက်မှ ဆိုင်ကယ်ဖြင့်လာသည့် အမျိုးသားတစ်ဦးအား ရပ်ခိုင်းရာ စစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု သိရသည်။

ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် ယင်းအမျိုးသားမှာ သေဆုံးသွားခဲ့ပြီး သေဆုံးသူထံမှ ရရှိသည့် အချက်အလက်များအရ ၀က်လူးနယ်မြေရဲစခန်းတွင် တာ၀န်ထမ်းဆောင်နေသည့် ဒုရဲအုပ်ကျော်ဆန်း၀င်း ဆိုသူဖြစ်ပြီး ဆိုင်ကယ်အတွင်းမှ စာရွတ်စာတမ်းတချို့နှင့် ဖုန်းတစ်လုံးအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency