ကျိုက်မရောတွင် စစ်ကောင်စီတပ်သား ၂၃ ဦး လက်နက်ချ အညံ့ခံ

ကျိုက်မရောတွင် စစ်ကောင်စီတပ်သား ၂၃ ဦး လက်နက်ချ အညံ့ခံ
နိုဝင်ဘာ 13, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၃)ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း NUGက သတင်းထုတ်ပြန်သည်။

ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွတံတားကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားရာ စစ်ကူလာသည့် စစ်ကောင်စီတပ်မ (၂၂) လက်အောက်ခံ အင်အား (၅၀)ဦးပါ စစ်ကြောင်းအား တော်လှန်ရေးတပ်များက ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၃)ဦး လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် အရာရှိ (၁)ဦးအပါအဝင် (၁၄)ဦး သေဆုံးပြီး အရာရှိ(၁)ဦး အပါအဝင် (၅)ဦးကို အရှင်ဖမ်းမိကာ နောက်ထပ် အရာရှိ(၁)ဦးအပါအဝင် (၈)ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းထုန်ပြန်ထားသည်။

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွ တံတားကို တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ (၉)ရက်နေ့ကစတင်ပြီး တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : MOD NUG