ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရ

ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရ
စက်တင်ဘာ 22, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းမှထွက်လာသော စစ်ကောင်စီတပ်နှင့် တပ်မ(၁၀၁)မှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းအား ညောင်ဂျစ်ပင်ရွာနှင့် ကန်တော်ရွာကြားတွင် ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့များကို ယမန်နေ့ နံနက် (၉)နာရီမှ ညနေ (၅)နာရီအထိ ဒရုန်းဖြင့် အီနာဂါဗုံးသီး (၇)လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး စစ်ကောင်စီတပ်အသုံးပြုသည့် (၅.၅၆)ကျည် (၁၆)တောင့်နှင့် ကျည်အိမ်တစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

ထို့နောက် စစ်ကောင်စီ ပခုက္ကူတပ်မ (၁၀၁)မှ စစ်ကောင်စီတပ်ဖွဲ့သည် ကမ္မမြို့ရှိ အရပ်သားများ၏ ပစ္စည်းများအား ကား(၃)စီးဖြင့် ယူဆောင်သွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Black Cobraနှင့် PKU Thurian တပ်ဖွဲ့တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency