တောင်ငူမြို့နယ်အတွင်းရှိ ဆိတ်ဖူးတောင် စစ်ကောင်စီတပ်စခန်းကို PDF တပ်များ ဝင်ပစ်

တောင်ငူမြို့နယ်အတွင်းရှိ ဆိတ်ဖူးတောင် စစ်ကောင်စီတပ်စခန်းကို PDF တပ်များ ဝင်ပစ်
စက်တင်ဘာ 11, 2023 | 2021 Military Coup| အခြားဒေသများ

 ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်း အမြန်လမ်း(၁၆၂)မိုင်ရှိ ဆိတ်ဖူးတောင် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း  ပဲခူးတိုင်း PDF ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲဝင် အင်အား(၂၀)ဦးဖြင့် တပ်စွဲထားသော ဆိတ်ဖူးတောင်စခန်းကို ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF)၊ တောင်ငူခရိုင် တပ်ရင်း(၃၅၀၁)၊ အနောက်ရိုးမမှ ထုတ်နှုတ်အင်အား (၁၆)ဦးနှင့် နယ်မြေခံ ကျေးရွာကာကွယ်ရေးအဖွဲတို့က   ၂၀၂၃ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုကြောင့် မိနစ်(၃၀)ကြာပ စ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက် သေဆုံးသူရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင် (၂)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များမှ စခန်းသိမ်းနိုင်ရန် စီစဉ်ထားခဲ့သော်လည်း ခဲယမ်း၊ ကျည် မလုံလောက်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

ယင်းနေ့တွင်ပင် ပဲခူးတိုင်း မင်းလှမြိုနယ်၊ စိန်ကန့်လန့်−မြိုချောင်း ပဲခူးရိုးမဖြတ်ကျော်လမ်းရှိ  ခါချဉ် တောင်စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၅)က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ကာ စခန်းသိမ်းခဲ့ ကြောင်း သိရသည်။

#TachileikNewsAgency