မင်းကင်းမြို့နယ်ရှိ ပျူစောထီးစခန်းကို ‌တော်လှန်ရေးတပ်များဝင်တိုက် လက်နက်ခဲယမ်းများရရှိ

မင်းကင်းမြို့နယ်ရှိ ပျူစောထီးစခန်းကို ‌တော်လှန်ရေးတပ်များဝင်တိုက် လက်နက်ခဲယမ်းများရရှိ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ရှိ ကံကျေးရွာ ပျူစောထီးစခန်းကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးအများအပြား ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းများကို ဒေသကာကွယ်ရေးတပ်များဘက်က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစောထီးစခန်းကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)၊ တိမ်လွှာဒေါင်းမင်း ပကဖအဖွဲ့နှင့် Local PDFများပါဝင်သော တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးများ ထိခိုက်သေဆုံးသူများကာ (S.R.F)တပ်ဖွဲ့မှ ရဲဘော် (၃)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်းမှ ပျူစောထီးများ၏ Carbine M2(၂)လက်၊ ပြောင်းချော (၂)လက်၊ 0.30ကျည် (၁၉၃)တောင့်၊ ပြောင်းချောကျည် (၇၂)တောင့်၊ Carbine ကျဥ်ဘောက် (၅)ခု၊ ဖုန်း (၂၈)လုံးနှင့် ဆိုင်ကယ် (၇)စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)က သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency