ကျိုက်ထိုမြို့နယ်တွင် BGF ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးပစ်ခတ်ခံရ 

ကျိုက်ထိုမြို့နယ်တွင် BGF ဗိုလ်တစ်ဦးအပါအဝင် နှစ်ဦးပစ်ခတ်ခံရ 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်ကြီးတစ်ဦး မောင်းနှင်လာသောကားကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခံရကာ ၎င်းနှင့်အတူ ကားပေါ်ပါလာသည့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လက်နက်(၂)လက်ကို တော်လှန်ရေးတပ်များဘက်က သိမ်းဆည်းရရှိခဲ့ကြောင်း  Kyaikhto Revolution Forceထံမှ သိရသည်။

BGFမှ ဗိုလ်ဝင်းစိုး မောင်းနှင်လာသည့်ကားအား ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာကြားရှိ တာဘောင်တံတားအရောက်တွင် Kyaikhto Revolution Forceနှင့် ဝေါပကဖတို့က ပစ်ခတ်ခဲ့ရာ ကားပေါ်ပါ ဗိုလ်ဝင်းစိုးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ သေနတ်(၂)လက်နှင့် အခြားပစ္စည်းတချို့အား သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ဗိုလ်ဝင်းစိုးသည် ကျိုက်ထိုမြို့နယ်တွင် လောင်းကစားဝိုင်းများပြုလုပ်ခြင်း၊ လူတစ်ဦးအား အကြောင်းမဲ့ ပစ်သတ်ခြင်း၊ ကားမှောင်ခိုလုပ်ခြင်နှင့် မြေသိမ်းခြင်းများကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်နေသူဖြစ်ကြောင်း Kyaikhto Revolution Forceက ထုတ်ပြန်ထားသည်။

#TachileikNewsAgency