ကန့်ဘလူမြို့တွင် သားဖွားဆရာမ၏ မိသားစုအပါအဝင် ၅ ဦး သတ်ခံရ 

ကန့်ဘလူမြို့တွင် သားဖွားဆရာမ၏ မိသားစုအပါအဝင် ၅ ဦး သတ်ခံရ 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မြောက်ဘက် အင်ကြင်းဥယျာဥ်အနီးရှိ နေအိမ်တစ်လုံးတွင် ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၃)ရက်နေ့ နံနက်ပိုင်းက ဓါးဖြင့်ထိုးသတ်ခံထားရသည့် ရုပ်အလောင်း(၅)လောင်းအား တွေ့ရှိခဲ့ရကြောင်း သိရသည်။ 

 

အသတ်ခံရသူများသည် ဘူးကုန်းကျေးရွာမှ NON CDM သားဖွားဆရာမ မဖြိုးသီရိလှိုင်နှင့် ခင်ပွန်းဖြစ်သူ ကိုစိုးမြင့်လွင်၊ ကိုစိုးမြင့်လွင်၏ မိဘများဖြစ်သည့် ဦးမြင့်ဆွေနှင့် ဒေါ်ကြည်ဌေးတို့အပါအဝင် ပန်းရွှေရည်လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ သမီးလတ်ဖြစ်သူ မမေလေးတို့ဖြစ်ကြောင်း ဒေသတွင်းသတင်းကို ဖော်ပြနေသည့် Infinity Groupထံမှ သိရသည်။ 

ယခုရက်ပိုင်းတွင် ကန့်ဘလူမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၆၀၀၆)တင့်ကားတပ်ရင်းထဲ၌ ပျူစောထီးသင်တန်းဆင်းပွဲအားပြုလုပ်နေပြီး မြို့ဝင်၊ မြို့ထွက်များတွင်လည်း လုံခြုံရေးတင်းကြပ်နေထားရာက ယခုကဲ့သို့ မိသားစုလိုက် အသတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါသတ်ဖြတ်မှုကို မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို မသိရသေးသော်လည်း စစ်ကောင်စီတပ် လော်ဘီတယ်လီဂရမ်ချန်နယ်များကမူ PDF တပ်များက သတ်ဖြတ်သည်ဟု စွပ်စွဲရေးသားထားသည်ကို တွေ့ရသည်။

#TachileikNewsAgency