ဒီပဲယင်းမြို့နယ် မရကန်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့သဖြင့် ပြန်လည်တည်ဆောက်ထားသည့် တဲများပါသွား

ဒီပဲယင်းမြို့နယ် မရကန်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့သဖြင့် ပြန်လည်တည်ဆောက်ထားသည့် တဲများပါသွား

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မရကန်ရွာကို စစ်ကောင်စီတပ်များ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂)ရက်နေ့က တတိယအကြိမ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ ပြန်လည်တည်ဆောက်ထားသော မီးဘေးသင့်တဲများလည်း ပါသွားကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ထံမှ သိရ သည်။ 

ရေဦးမြို့မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား(၁၂၀)ကျော်သည် ယမန်နေ့က မရကန်ကျေးရွာအတွင်းဝင်ရောက်ပြီး နေအိမ်(၂၇)အိမ်ခန့်အား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်း ‌ကျန်နေအိမ်များကို မွှေနှောက်ဖျက်ဆီးလုယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။

အဆိုပါအိမ်များအနက် ယခင်မီးဘေးသင့်ပြည်သူများအတွက် ပြန်လည်တည်ဆောက်ထားသော နေအိမ်(၂၀)ကျော်မှာ ဒုတိယအကြိမ်မြောက် ထပ်မံမီးရှို့ ဖျက်ဆီးခံရခြင်းဖြစ်ပြီး ၎င်းစစ်ကြောင်းကြောင့် ဒေသခံပြည်သူသောင်းချီ စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ဒီပဲယင်းမြို့နယ်အတွင်း မီးရှို့ခံနေအိမ်စုစုပေါင်း(၆၀၅၀)ကျော်ရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။

#TachileikNewsAgency

Photo : ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့