စစ်ကောင်စီတပ်ဖွဲ့ကို ရေစကြို PDFက ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကောင်စီတပ်ဖွဲ့ကို ရေစကြို PDFက ဒရုန်းဖြင့်တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ် သူဌေးကုန်ကျေးရွာတွင် ယာယီတပ်စွဲရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို  ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့က ဒရုန်းဖြင့်တိုက်ခိုက်ကြောင်း ရေစကြို PDFက သတင်းထုတ်ပြန်ထားသည်။

အင်အား(၂၀)ကျော်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိကြောင်း သိရပြီး စစ်ကောင်စီတပ်ဘက်တွင် ထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ရရာလက်နက်ဖြင့် စစ်တပ်ကအာဏာသိမ်းမှုကို တော်လှန်တိုက်ခိုက်မှုများ လုပ်နေကြခြင်းဖြစ်သည်။ 

#TachileikNewsAgency

Video : ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်