ဖားကန့်မြို့နယ်ရှိ ရှင်းရင်ဟိုတယ်တွင် KIA အရာရှိတစ်ဦး အပါအဝင် ဝန်ထမ်း(၂)ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်ရှိ ရှင်းရင်ဟိုတယ်တွင် KIA အရာရှိတစ်ဦး အပါအဝင် ဝန်ထမ်း(၂)ဦး ပစ်သတ်ခံရ

 ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာ မှော်ရှန်ရပ်ကွက်ရှိ ရှင်းရင်ဟိုတယ် နှင့် KTV ကို ၂၀၂၃ခုနှစ်၊ မေလ(၁၂)ရက်နေ့၏ ညပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာ KIA မှ အရာရှိတစ်ဦးနှင့် ဟိုတယ်ဝန်ထမ်း ( ၂ )ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု သိရသည်။

"အခုထိကို လမ်းတွေလဲ ပိတ်ထားတုန်းပါ။ အထဲကလူတွေနဲ့လည်း အဆက်အသွယ်လုပ်မရဘူး ပြောတယ်။ ဘေးနားက အိမ်တွေလည်း အပြင်ပေး မထွက်ဘူး။ အလောင်းလဲ မကောက်ရသေးဘူး။" ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဖားကန့်မြို့နယ်ရှိ ကျောက်လုပ်ငန်းရှင်တချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်းနှင့် ယခု  သေဆုံးသူများ နှင့် ဖမ်းဆီးခံရသူများမှာ မည်သူများဖြစ်ကြောင်းကို မသိရသေးသဖြင့် Tachileik News Agency အနေဖြင့် KIA ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားလျက်ရှိသည်။



ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဧပြီလကလည်း ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ Happy KTV တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် လုပ်ငန်းရှင် (၄)ဦးတို့ ပစ်ခတ်ခံရပြီး အဆိုပါ ဗိုလ်မှူးနှင့် လုပ်ငန်းရှင် ( ၂ ) ဦး သေဆုံးသွားသည့် ဖြစ်စဉ်လည်း ဖြစ်ခဲ့သေးသည်။