စစ်သည်များ CDM ပြုလုပ်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံရသဖြင့် စစ်ကောင်စီလက်အောက်ခံ ခလရ (၃၃၈)မှ တပ်သားတစ်ဦး ရှေ့တန်းစခန်းတစ်နေရာမှ CDM ပြုလုပ်လာကြောင်း ပြည်သူ့ ပန်းတိုင်အဖွဲ့က ဇွန်လ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ လက်အောက်ခံ ခလရ (၃၃၈) မှ ၎င်းတပ်သားသည် ရှေ့တန်းစခန်းတစ်နေရာမှ CDM ပြုလုပ်လာပြီး လွတ်မြောက်နယ်မြေသို ဇွန်လ(၂၁)ရက်တွင် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ရှေ့တန်းစခန်းများတွင် ရိက္ခာများစုနေပြီး စစ်သည်များ အနားယူချိန်မရဘဲ အလုပ် လုပ်နေရကြောင်း၊ ၎င်းတို့စခန်းမှ လက်နက်ပြင် စစ်သည်တစ်ဦး CDM ပြုလုပ်ကာ စွန့်ခွာသွားစဉ်တွင် စခန်းတွင်ကျန်ခဲ့သည့် စစ်သည်များအား ထိုသို့ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ပြစ်သတ်မည်ဟု တပ်ခွဲမှူး ဗိုလ်ကြီး ကိုကိုဝင်းနှင့် ဗိုလ်ကြီးကျော်ဇင်ဦးတို့က ခြိမ်းခြောက်ကြောင်း ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ရှေ့တန်းစခန်းများတွင် အလုပ်ပင်ပန်းခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းတို့ကြောင့် တပ်မှ စွန့်ခွာချင်သည့် စစ်သည်များရှိသည်ဟုလည်း သိရသည်။