စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဆွေးရန် ဖိတ်ခေါ်မှုသည် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် တွေ့ဆုံဆွေးနွေးမှု မဖြစ်သကဲ့သို လက်ရှိဖြစ်နေသည့် နိုင်ငံရေး၏ အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းဖော်ထုတ်မှု မဟုတ်သဖြင့် တွေ့ဆုံဆွေးနွေးရန် အချိန်ကောင်းမဟုတ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( Karenni National Progressive Party )က မေလ(၅)ရက်တွင် ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီအနေဖြင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား စိတ်ရင်းစေတနာအမှန်ဖြင့် တည်ဆောက်လိုသည့် နိုင်ငံရေး အာသီသရှိမည်ဆိုပါက အင်အားစုအားလုံးကို ဖိတ်ခေါ် ညှိနှိုင်းသွားမှသာ လက်ရှိကြုံနေရသည့် နိုင်ငံရေးအကြပ်အတည်းအတွက် လမ်းပွင့်စေမည်ဟု ထုတ်ပြန်သည်။
လက်ရှိစစ်တပ်က ဒေသအသီးသီးကို ထိုးစစ်ဆင်နေမှုများအား ချွင်းချက်မရှိ အမြန်ဆုံးဆုံး ရပ်တန့်ရန်နှင့် စစ်အင်အားဖြည့်ဆည်း နေမှုအား ချက်ခြင်း ရုပ်သိမ်းသွားရန်လည်း ထုတ်ပြန်ထားသည်။
စစ်ဘေးရှောင်များအား ကုလသမဂ္ဂနှင့် နိုင်ငံတကာလူမှုကူညီရေး အဖွဲ့များ၏ တရားဝင်လွတ်လပ်စွာ ကူညီခွင့်ပြုရန်နှင့် မတရား ညှင်းဆဲသတ်ဖြတ်ခံရသည့် ပြည်သူများအတွက် စစ်ကောင်စီမှ ကျူးလွန်သူများ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ဥပဒေကြောင်းအရ အရေးယူရန် ထုတ်ပြန်ထားသည်။