စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်(တောင်ပိုင်း)၊ အောင်ချမ်းသာကျေး ရွာတွင် ယနေ့မတ်လ(၂၀)ရက်၊ နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စစ်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား(၇)ဦးသေကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
၎င်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် CNDF ၊ PDF-kalay ကာကွယ်ရေးတပ်တို့ တစ်နာရီဝန်းကျင်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်မှ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မတ်လ(၁၆)ရက်နေ့ကလည်း ကလေးမြို့နယ်၊ ဟားခါးလေးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား CNDF နှင့် PDF-Kalay ပူးပေါင်းတပ်တို့မှ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၃)ဦး သေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးဒဏ်ရာရရှိခဲ့သည်။
ဒါ့အပြင် မတ်လ(၁၇)ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် CNDF တပ်ဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး CNDF တပ်မှ တစ်ဦးကျဆုံးခဲ့ရကြောင်း သိရသည်။