ကလေးပြည်သူ့ရဲတပ်ဖွဲ့ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးမှု (၂၈)မှု ဖမ်းဆီးရရှိ

Photo: ကလေးပြည်သူ့ရဲတပ်ဖွဲ့
Photo: ကလေးပြည်သူ့ရဲတပ်ဖွဲ့
 ကလေးပြည်သူ့ရဲတပ်ဖွဲ့ ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးဝါးမှု (၂၈)မှု ဖမ်းဆီးရရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဖေဖော်ဝါရီလ တစ်လတာအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီး ရရှိမှု (၂၈) မှုရှိခဲ့ကြောင်း ကလေးပြည်သူ့ရဲတပ်ဖွဲ့ (KPS) က ယနေ့ ၂၀၂၂ ခုနှစ်၊ မတ်လ (၃) ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့် (၂၅)မှုတွင် လက်ဝယ်ရောင်းချသော တရားခံ အမျိုးသား(၃)ဦးကို ထိရောက်သည့် ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်နေပြီး သံးစွဲသူ(၂၂)ဦးကို လုံလောက်သော ခံဝန်ပေးထားကြောင်း သိရသည်။

ဒါ့အပြင် သက်ငယ်မုဒိန်းမှု (၁)မှု၊ လီဆည်တိုင်တန်းမှု (၁)မှုကို စုံစမ်းဖော်ထုတ်ထားကြောင်း သိရသည်။

ကျေးရွာများအတွင်း အုပ်ချုပ်ရေးယန္တရား စတင် လည်ပတ်နိုင်စေရန်အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး ကျေးရွာ(၃၁)ရွာကို ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ပြစ်မှုကျူးလွန်သူများအား ထိရောက်သော ပြစ်ဒဏ်ချမှတ်ပြီး ချုပ်နှောင်ထားရန် အကျဉ်းထောင် ဆောက်လုပ်နေကြောင်း သိရသည်။

ဒါအပြင် CDM ပြုလုပ်ထားသော ရဲတပ်ဖွဲ့ဝင်တစ်ဦး လာရောက်ပူး ပေါင်းခဲ့ပြီး (၂)ဦးဆက်သွယ်မှုရရှိခဲ့ကြောင်း ထုတ်ပြန်သည်။