မကွေးနှင့် ချင်းပြည်နယ်ကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ပြောက်ကျား ဝင်တိုက်မှုအတွင်း သေဆုံးသည့် တပ်ဖွဲ့ဝင်များကို အာဏာသိမ်းတပ်က တဲတစ်လုံးထဲထည့်၍ မီးရှို့ပစ်
မကွေးတိုင်းနှင့် ချင်းပြည်နယ်ကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် တစ်နေကုန် တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများကို ၎င်းတို့၏ တပ်ဖွဲ့က တဲအိမ်များအတွင်း ထည့်ကာ မီးရှို့ထားခဲ့ကြသည်ကို တွေ့ရကြောင်း CDF Kanpetlet က သတင်းထုတ်ပြန်သည်။
ဆောမြို့နယ်၊ ဆွဲလွဲကျင်းရွာနှင့် ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာအကြားတွင် CDF Kanpetlet နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က (၁၀)ဦး ထက်မနည်းသေကာ အများအပြားဒဏ်ရာရသွားကြောင်း သိရသည်။
အာဏာသိမ်းတပ်က ပြောက်ကြားတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို အလောင်းပြန်မသယ်ဘဲ တဲတစ်လုံးထဲထည့်ကာ မီးရှို့ထားခဲ့ကြောင်း သိရသည်။
CDF Kanpetlet က ပြောက်ကြားတိုက်ခိုက်မှုကို လောင်းရှည် PDF ကလည်း လာရောက်ပူးပေါင်း ကူညီတိုက်ခိုက်ပေးကြောင်း သိရသည်။