ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၊ ဝီသဲကူးကျေးရွာတွင် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ကျဆုံးခဲ့ရသည့် ဒီးမော့ဆို PDF မှ တပ်ဖွဲ့ဝင် ရဲဘော် မောင်ပါစကွာလယ် အောင်ဆန်းနှင့် ရဲဘော် မောင်စိန်မောင်တို့၏ ဈာပနကို ယနေ့ဖေဖော်ဝါရီလ(၂၂) ရက်တွင် ပြုလုပ်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ၊ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO- Local PDF)၏ တပ်ဖွဲ့ဝင်နှစ်ဦးဖြစ်သော အသက်(၂၅)နှစ်ရှိ ရဲဘော် မောင်ပါ စကွာလယ် အောင်ဆန်း နှင့် အသက်(၂၆)နှစ်ရှိ ရဲဘော် မောင်စိန်မောင်အသက် တို့သည် တိုင်းပြည်အတွက် အသက်ပေး ကာကွယ်သွားခဲ့သဖြင့် ဈာပနအခမ်းအနားကို ဘာသာရေးဓလေ့ထုံးတမ်းနှင့်အညီ ကျင်းပခဲ့ပြီး ယနေ့ နံနက်(၉)နာရီတွင် ဂူသွင်းသင်္ဂြိုလ်ခဲ့သည်။
DMO-Local PDF တပ်ဖွဲ့သည် ရဲဘော်တို့၏ ကျန်ရစ်သောမိသားစုနှင့်အတူ အထူးဝမ်းနည်းကြေကွဲရပြီး ဖက်ဒရယ်ဒီမိုကရေစီသူရဲကောင်း ရဲဘော်နှစ်ဦးအား အလေးနီပြု ဦးညွှတ်ကြောင်း ထုတ်ပြန်ထားသည်။