ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း အတင်းအကြပ်မီးလိုက်ဖြတ်နေသည့် လျှပ်စစ်ရုံးကို ယနေ့ဖေဖော်ဝါရီလ(၂၀)ရက်၊နေ့ ညနေပိုင်းက ဗုံးခွဲခဲ့ကြောင်း ကြို့ပင်ကောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ကြို့ပင်ကောက် လျှပ်စစ်ရုံးရှိ ဝန်ထမ်းများအနေဖြင့် မီတာခများ အတင်းအကြပ်ကောက်ခံခြင်း၊ မီတာမဆောင်သည့် ပြည်သူများအား အတင်းအကြပ် မီးဖြတ်တောက်ခြင်းများ ဆက်လက် လုပ်ဆောင်ပါက အသက်အိုးအိမ်စည်းစိမ်ကို တာဝန်ယူမည်မဟုတ် ကြောင်းလည်း သတိပေးထားသည်။
ကြို့ပင်ကောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Gyobinkauk PDF)သည် ဖေဖော်ဝါရီလ (၈)ရက်၊ ညပိုင်းကလည်း ကြို့ပင်ကောက်နှင့် အုတ်ဖိုမြို့နယ်အစပ်ရှိ မြေပြာရွာတွင်စခန်းချသည့် ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။
ယင်းတိုက်ခိုက်မှုကြောင့် ပျူစောထီးခေါင်းဆောင်များ အပါအဝင် ဒလန် (၅)ဦးသေဆုံးသည်ဟုလည်း သိရသည်။