စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် မိတ္ထီလာအခြေစိုက် တပ်မိသားစုများမှ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ကျပ်(၂)သိန်းခွဲကို ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု ထံသို့ ပေးအပ်လှူဒါန်းလာကြောင်း WTRF က ယနေ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။
ဝမ်းတွင်းမြိုနယ် တော်လှန်ရေးအင်အားစုအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် အောင်ပွဲရသည်အထိ ညီညွတ်စွာ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။