မတူပီ - ပလက်ဝလမ်းပေါ်ရှိ ထွယ်ဘွေးရွာအခြေစိုက် စစ်ကောင်စီ တပ်စခန်းကို CDF က ပြောက်ကျားဝင်တိုက်ရာမှ စစ်ကောင်စီတပ်သား (၄)ဦး သေသွား

မတူပီ - ပလက်ဝလမ်းပေါ်ရှိ ထွယ်ဘွေးရွာအခြေစိုက် စစ်ကောင်စီ တပ်စခန်းကို CDF က ပြောက်ကျားဝင်တိုက်ရာမှ စစ်ကောင်စီတပ်သား (၄)ဦး သေသွား
ဖေဖော်ဝါရီ 11, 2022 | အခြားဒေသများ

ချင်းပြည်နယ်၊ မတူပီ - ပလက်ဝလမ်းပေါ်ရှိ ထွယ်ဘွေးရွာအခြေစိုက် အာဏာသိမ်းစစ်ကောင်စီတပ်စခန်းကို ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁) ရက်၊ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ အာဏာသိမ်းတပ်က (၄)ဦးသေကြောင်း CDF မတူပီက သတင်းထုတ်ပြန်သည်။

အဆိုပါ ပြောက်ကျားတိုက်ခိုက်မှုအတွင်း CDF တပ်ဖွဲ့မှ အထိအခိုက်မရှိ လုပ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။

ယင်းနောက် နေ့လည်ပိုင်းတွင် အဆိုပါ လမ်းပိုင်းရှိ  ခြန်းပြန်း(ခ)ရွာမှ ဒေသခံတစ်ဦးမှာ အာဏာသိမ်းစစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိ၍ ဆုံးပါးသွားကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က မြေမြုပ်မိုင်းများ ထောင်ထားလေ့ရှိရာ ဇန်နဝါရီလ(၃၀)ရက်ကလည်း CDF မတူပီ၏ မိုင်းဌာနမှူး ရဲဘော်တစ်ဦး အာဏာသိမ်းစစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်း ရှင်းလင်းစဉ် ကျဆုံးခဲ့ရကြောင်း သိရသည်။