အာဏာသိမ်းအဖွဲ့က ချင်းနှင့် ကရင်နီ(ကယား)မပါသည့် တိုင်းနှင့်ပြည်နယ် U 25 အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲ နေပြည်တော်တွင် ကစားနေ

အာဏာသိမ်းအဖွဲ့က ချင်းနှင့် ကရင်နီ(ကယား)မပါသည့် တိုင်းနှင့်ပြည်နယ် U 25 အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲ နေပြည်တော်တွင် ကစားနေ
ဇန်နဝါရီ 16, 2022 | အခြားဒေသများ

ချင်းနှင့် ကရင်နီ(ကယား)ကိုယ်စားပြုအသင်းများမပါဘဲ အာဏာသိမ်းအဖွဲ့က နေပြည်တော်တွင် ကျင်းပနေသည့် ၂၀၂၂ ခုနှစ် တိုင်းနှင့်ပြည်နယ် U 25 အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲများကို ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့တွင် နေပြည်တော်၌ ကစားနေသည်။

နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းတွင် ယနေ့ ကစားသည့် ကွာတားဖိုင်နယ်ပွဲတွင် ရှမ်းအသင်းက နေပြည်တော်အသင်းကို ၁၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရသည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကျင်းပနေသည့် တိုင်းနှင့်ပြည်နယ် U 25 အမျိုးသမီးဘောလုံးပြိုင်ပွဲများကို နေပြည်တော်တွင် ကျင်းပနေရာတွင် ချင်းနှင့် ကရင်နီ(ကယား) ကိုယ်စားပြုအသင်းများမပါဝင်ဘဲ နေပြည်တော်အပါအဝင် အသင်း (၁၃) သင်း ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်က ၎င်းတို့ဘာသာ စစ်ထားသည့် စာရင်းများအရ မဲစာရင်းမှားသည်ဟုဆိုကာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကစ၍ တစ်နှစ်အာဏာထိန်းသည်ဟုဆိုကာ အာဏာသိမ်းလိုက်ပြီးနောက် ဝန်ကြီးဌာနများ၊ ဥပဒေများ ပြင်ဆင်ခြင်းများစွာ ပြုလုပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနဟုဆိုကာ ခွဲထုတ်ဖွဲ့စည်းထားခြင်းဖြစ်သည်။

#TachileikNewsAgency