မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ပြည်သူ့လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် "ကြားကာလပြည်သူ့ရဲတပ်ဖွဲ့"ကို စစ်အာဏာရှင်လက်အောက်မှထွက်၍ ပြည်သူ့ဝန်ထမ်းများအဖြစ် ရပ်တည်ခဲ့ကြသည့် CDM ရဲဝန်ထမ်းများဖြင့် ဖွဲ့စည်းထားပြီဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် အသိပေးလာသည်။
ကရင်နီ(ကယား)ပြည်နယ်တွင်လည်း CDM ရဲတပ်ဖွဲ့ဝင် အင်အား(၂၅၀)ဖြင့် ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၈) ရက်နေ့တွင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) က ဖွဲ့စည်းခဲ့ပြီး အကြမ်းဖက်မှုနှိမ်နင်းရေး၊ ရိန်းဂျားကယ်ဆယ်ရေး၊ ထောက်လှမ်းရေး၊ မှုခင်းနှင့် ရုံးအဖွဲ့ဟူ၍ လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည်။
#TachileikNewsAgency