မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း လင်းကတော နယ်မြေရဲစခန်းအား ယနေ့ ဇန်နဝါရီလ(၂၉)ရက်က ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းလိုက်လိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။
ယင်းရဲစခန်းကို မြိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ နှင့် ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့စသည့် မဟာမိတ် ( ၃) ဖွဲ့ ပူးပေါင်းပြီး ယနေ့ ဇန်နဝါရီလ(၂၉)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ရာ အချိန် (၁)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မြိုင် PDF က သတင်းထုတ်ပြန်ထားရှိသည်။
ဒါ့အပြင် ပုသိမ် - မုံရွာလမ်းဆုံတွင်ရှိ ဂိတ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် ရဲများ ဒဏ်ရာများဖြင့်စခန်းစွန့်ခွာ ထွက်ပြေးခဲ့သဖြင့် မိသားစုဝင်များအား ဖမ်းဆီးရမိသော်လည်း ပြည်သူလူထုဘက်တွင် ရပ်တည်ကြရန် မှာကြားပြီး လွှတ်ပေးခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း G-3 (၅)လက် နှင့် ကျည် (၄၀၀)၊ အူစီ (၃ )လက်နှင့် ကျည် ( ၂၀၀)၊ ခြောက်လုံးပျူး ( ၁) လက်၊ ဗုံးသီး (၇) လုံး၊ လက်တော့ ( ၂ )လုံး၊ ပရင်တာ ( ၁ )လုံး နှင့် ဆိုင်ကယ် ( ၄ )စီး အပါအဝင် အခြားစစ်ဘက်အသုံးဆောင်များ စာရင်းဇယားများအား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။