စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ချမ်းသာကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်တပ်များ ဝင်ရောက်အကြမ်းဖက်ပြီး ဒေသခံပြည်သူ(၂)ဦးကို သတ်ဖြတ်ကာ (၃)ဦးကို ရိုက်နှက် ညှင်းပန်းနှိပ်စက်ခဲ့ပပြီး နေအိမ်များကို ဖျက်ဆီးသွားကြောင်း ရေဦး PDF က ယနေ့ ဇန်နဝါရီလ(၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်ကို တွေ့ရသည်။
ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့က ချမ်းသာကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်တပ်များ ဝင်ရောက်အကြမ်းဖက်ပြီး နေအိမ်များကို ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူများကို ရိုက်နှက်စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ပြီး (၂)ဦးသေဆုံးသွားကြောင်း သိရသည်။
ယမန်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ကွမ်းအုံမှ ချမ်းသာရွာဘက်သို့ အင်အား(၁၀၀)ကျော်ဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။