အာဏာသိမ်းအဖွဲ့က ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၁၅)သန်း ထုတ်ရောင်း

အာဏာသိမ်းအဖွဲ့က ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၁၅)သန်း ထုတ်ရောင်း
ဒီဇင်ဘာ 29, 2021

အာဏာသိမ်းအဖွဲ့က ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၁၅) သန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ထုတ်ရောင်းလိုက်သည်။

တစ်ဒေါ်လာလျှင် ပျမ်းမျှငွေလဲနှုန်း ၁၇၇၈ ကျပ်နှုန်းဖြင့်  ဈေးပြိုင်လေလံရောင်းချလိုက်ခြင် ဖြစ်သည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက်  ဖေဖော်ဝါရီလ(၃)ရက်နေ့က စတင်ကာ ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာများကို ထုတ်ရောင်းနေခြင်းဖြစ်ပြီး  ယခု ဒီဇင်ဘာလ (၂၉)ရက်နေ့အထိ စုစုပေါင်း အမေရိကန်ဒေါ်လာ (၄၂၈.၈)သန်းကို ရောင်းချထားသည်ကို တွေ့ရသည်။