ရန်ကုန် ကြည့်မြင်တိုင်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့ နံနက်က ရန်ကုန်လူထုသပိတ်အား ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်ခတ်မှုကျူးလွန်သည့် အာဏာသိမ်းအဖွဲ့ကို ဦးဆောင်သူများ အမည်စာရင်းကို Myanmar Police CDM Channel က ထုတ်ဖေါ်လာသည်ကို တွေ့ရသည်။
အဆိုပါဖြစ်စဉ်တွင် အမှတ်(၈၂)ခြေလျင်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး နိုင်ဘိုဘို ဦးစီး (၂ + ၁၀) ဦး၊ ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မောင်မောင်မြ ဦးစီး ( ၃ + ၁၀) ဦးနှင့် အမှတ်(၈)ရဲတပ်ရင်းမှ ဒုရဲအုပ် ဝင်းဇော်လွင် ဦးစီး ( ၁ + ၈) ဦးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သည့် လူငယ်များအား ဖမ်းဆီးသည့်ဖြစ်စဉ်ကို သတင်းတင်ပြရာ၌ ဆန္ဒပြလူငယ်များအား စစ်ကားဖြင့် အနောက်မှဝင်တိုက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုများကို ထိန်ချန်၍ တင်ပြထားသည်ကို တွေ့ရသည်။
ယင်းအပြင် အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဓါတ်ပုံ၊ ဗီဒီယိုများ ထွက်ပေါ်ခဲ့ရာ မှတ်တမ်းယူသူများကိုလည်း အဆိုပါ အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့က ရှာဖွေ ဖမ်းဆီးသွားခဲ့သည်။
ဆက်စပ်သတင်း