အိန္ဒိယ -  မြန်မာနယ်စပ်ဒေသ တမူးမြို့က ရဲကင်းကို ကျောင်းသားတပ်ခွဲ မီးရှို့ဖျက်ဆီး

အိန္ဒိယ -  မြန်မာနယ်စပ်ဒေသ တမူးမြို့မှာရှိတဲ့ မြို့နယ်လဝကရုံးအနီး  ရဲကင်းတစ်ခုကို ကျောင်းသားတပ်ခွဲ Burmese Students Organization (BSO)ရဲ့ မြေပြင်လှုပ်ရှားရေးအဖွဲ့က ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့ အကူးပိုင်းအချိန်မှာ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

အခုမီးရှို့ဖျက်ဆီးလိုက်တဲ့ ရဲကင်းဟာ နယ်စပ်တံတားကိုစောင့်တဲ့ ရဲကင်းဖြစ်ပြီး မြေပြင်လှုပ်ရှားရေးအဖွဲ့အနေနဲ့ ဘေးအန္တရာယ်ကင်းစွာနဲ့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 ကျောင်းသားတပ်ခွဲ Burmese Students Organization (BSO)ရဲ့ မြေပြင်လှုပ်ရှားရေးအဖွဲ့က အာဏာသိမ်းစစ်ကောင်စီ နဲ့ ဒလန်များအပါအဝင် အာဏာသိမ်းစစ်တပ်ဘက်က ရပ်တည်နေတဲ့ ဒေါက်တိုင်များနဲ့အဖွဲ့အစည်းများကို ဆက်လက်ရှင်းလင်းသွားမှာ ဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ ဘေးကင်းအောင် အသွားအလာ အနေအထိုင် ဆင်ခြင်ရန်လည်း အသိပေးမေတ္တာရပ်ခံ ထုတ်ပြန်ထားပါတယ်။

 

video: BSO