KNDF က စစ်ဘေးရှောင်စခန်းတစ်ခုတွင်  အခြေခံစားသောက်ကုန်များ ပေးဝေရင်း စစ်ဘေးရှောင်ကလေးများကိုလည်း စိတ်ဓါတ်မြှင့်တင်

KNDF က စစ်ဘေးရှောင်စခန်းတစ်ခုတွင်  အခြေခံစားသောက်ကုန်များ ပေးဝေရင်း စစ်ဘေးရှောင်ကလေးများကိုလည်း စိတ်ဓါတ်မြှင့်တင်
နိုဝင်ဘာ 5, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းသို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)၏ ဒီးမော့ဆို အမှတ်(၁)တပ်ရင်း(KNDF- BO1)မှ တပ်ဖွဲ့ဝင်များက နိုဝင်ဘာလ(၄)ရက်နေ့က သွားရောက်ပြီး စေတနာရှင်များ လှူဒါန်းပေးလာသည့် အခြေခံစားသောက်ကုန်များကို သွားရောက် ပေးဝေရင်း ကလေးငယ်များနှင့်အတူ စိတ်ဓါတ်မြင့်တင်ရေးဆိုင်ရာများ လုပ်ဆောင်ပေးခဲ့ကြောင်း KNDF-BO1 က နိုဝင်ဘာလ(၄)ရက်နေ့က ဖော်ပြထားသည်။

"ကျွန်တော်တို့ KNDF- BO1ရဲဘော်များမှ စစ်ရှောင်စခန်းတစ်ခုတွင် နိုင်ငံခြား ​အလှူရှင်များမှ လှူဒါန်းလာသော အ​​​ခြေခံစားသောက်ကုန်များကို သွားရောက် ဖြ​​န့်ဝေရင်း စစ်ရှောင်စခန်းရှိ ကလေးငယ်များနှင့်အတူ စိတ်ဓာတ်မြင့်တင်ရေးဆိုင်ရာ လုပ်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့သည်။ လှူဒါန်းပေးသော အလှူရှင်များကို အထူးကျေးဇူးတင် ဂုဏ်ပြုပါသည်။"ဟု   KNDF-BO1 က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)၏ တပ်ရင်းများက ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောင်မှုများအပြင် စေတနာရှင်များ လှူဒါန်းလာမှုအပေါ် ယခုလို ပြန်လည်ပေဝေခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Photo: KNDF-BO1