မကွေးတိုင်းဒေသကြီးအတွင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကန်ကြီးတောကျေးရွာအနီး ချောင်းဆုံလမ်းမကြီးပေါ်တွင် ဖြတ်သန်းလာသည့် အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ရဲကားတစ်စီးကို ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့တွင် မိုင်းခွဲ တိုက်ခိုက်ရာ ရဲတစ်ဦး ပြင်းထန်သည့် ဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေး တပ်ဦး(MVRF) က သတင်းထုတ်ပြန်လာသည်။
ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည် မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး(MVRF)သည် ဒေသအတွင်း အာဏာသိမ်းစစ်တပ်၏ Mytel တာဝါတိုင်များကို ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်သလို ယခုလို ယာဉ်တန်း ဖောက်ခွဲမှုများကိုလည်း လုပ်ဆောင်ကြောင်း သိရသည်။
Video: MVRF