အာဏာသိမ်းစစ်တပ်မှ ချင်းပြည်နယ် ထန်တလန်မြို့ပေါ်သို့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၉)ရက်နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် (၁၆၄)လုံး မီးလောင်ပြာကျသွားခဲ့ရကြောင်း သိရသည်။
ထန်တလန်မြို့ပေါ် ရပ်ကွက်(၅)ခုတွင် နေအိမ်များ မီးလောင်ရာမှာ ဇုန်မွှန်ရပ်ကွက်တွင် အများဆုံးအဖြစ် အိမ်ခြေ(၅၈)လုံး လောင်ကျွမ်းကြောင်း သိရသည်။
မီးလောင်ပြာကျသွားသည့် ဘုရားကျောင်း (၂)ခုမှာ Church on the Rock (COTR) ဘုရားကျောင်း နှင့် Presbyterian ဘုရားကျောင်းတို့ ဖြစ်ကြောင်း နှင့် CB ဘဏ် တစ်ခုလည်း မီးလောင်သွားသည်ဟု သိရသည်။
#TachileikNewsAgency
Photo: The Chin Journal