စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ရဲထွက်ကျေးရွာအုပ်စုအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ စစ်ရဟတ်ယာဉ်များ ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့ နံနက်ပိုင်းက ပျံသန်းနေကြောင်း သိရသည်။
အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ စစ်ရဟတ်ယာဉ်များသည် အောက်တိုဘာလ၏ ပထမပတ်အတွင်း မကြာခဏ ပျံသန်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
"အခု လပိုင်းအတွင်း မကြာခဏဆိုသလို ပျံသန်းနေတာတွေ့ရပါတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
ဘုတလင်မြို့အနီး စိုင်ပြင်တွင်လည်း အောက်တိုဘာလ(၈)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က ပေါက်ကွဲသံအကျယ်ကြီး (၂)ချက်ကြားရသလို ယနေ့ နံနက်(၅)နာရီဝန်းကျင်တွင်လည်း ပေါက်ကွဲသံ (၂)ချက် ထပ်မံကြားရသည်ဟုလည်း သိရသည်။
Photo: CJ