စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း အမြန်ရေယာဉ်ဖြင့် စုန်ဆင်းလာသည့် အာဏာသိမ်းစစ်တပ်နှင့် ကနီ PDF တို့ကြား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့၌ တိုက်ပွဲဖြစ်ပွားချိန်တွင် ချင်းတွင်းမြစ်ကမ်းဘေးနှင့် ချင်းတွင်းမြစ်အတွင်းပိုင်းကျေးရွာပေါင်း (၂၀) ကို ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ကြောင်း သိရသည်။
ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း ညနေ (၃) နာရီဝန်းကျင်က အာဏာသိမ်းစစ်တပ်၏ အမြန်ရေယာဉ် တစ်စီးရောက်လာ၍ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က (၆) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်ဘက်မှ (၈) ဦးခန့် ဒဏ်ရာရရှိသည်ဟု ခန့်မှန်းထားပြီး အမြန်ရေယာဥ် အနောက်ပိုင်းမှာလည်း ပျက်စီးသွားကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။