KNU နယ်မြေတွင် တစ်ရက်တာအတွင်း ရင်ဆိုင်တိုက်ပွဲ (၆)ကြိမ်ဖြစ်ပွားရာ အာဏာသိမ်းစစ်တပ်ဖက်က ထိခိုက်သူနှင့်သေဆုံးသူ ( ၅၀)ကျော် ရှိ

Photo: KNU
Photo: KNU
KNU နယ်မြေတွင် တစ်ရက်တာအတွင်း ရင်ဆိုင်တိုက်ပွဲ (၆)ကြိမ်ဖြစ်ပွားရာ အာဏာသိမ်းစစ်တပ်ဖက်က ထိခိုက်သူနှင့်သေဆုံးသူ ( ၅၀)ကျော် ရှိ
အောက်တိုဘာ 3, 2021

KNU နယ်မြေအတွင်း တိုက်ပွဲများတွင်  တစ်ရက်အတွင်း အာဏာသိမ်းအဖွဲ့၏ စစ်တပ်မှ တပ်ရင်းမှူး အပါအဝင် (၅၀)ကျော် ထိခိုက်၊ သေဆုံးမှုရှိခဲ့သည်ဟု KNU က ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့၌ သတင်းထုတ်ပြန်သည်။

KNU မူတြော်ခရိုင်၊ အမှတ်(၅) တပ်မဟာ၏ လစဉ်ရုံးမှတ်တမ်းအရ စက်တင်ဘာ(၃၀)ရက်နေ့တွင် ရင်ဆိုင်တိုက်ပွဲ (၆) ကြိမ်ဖြစ်ပွားခဲ့ရာ အာဏာသိမ်း စစ်ကောင်စီတပ် စကခ (၈) လက်အောက်ခံ ခမရ (၄၀၈) မှ (၂၄)ဦး၊  သေဆုံးကာ (၃၀)ယောက်  ထိခိုက်ဒဏ်ရာရရှိကာ ထိခိုက်ဒဏ်ရာရသူများတွင် တပ်ရင်းမှူးအဆင့် (၂) ဦးပါဝင်ကြောင်း အတည်ပြုသိရှိရသည်ဟု ထုတ်ပြန်ထားသည်။

KNU နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီ၏တပ်များက နယ်မြေကျော်စစ်အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေသည်ဟုလည်း သိရသည်။