ဝက်လက်မြို့တွင်  "ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း"အဖွဲ့က စစ်တပ်သတင်းပေး ဒလန်ဟုဆိုသူကို  ရှင်းလင်း

ဝက်လက်မြို့တွင်  "ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း"အဖွဲ့က စစ်တပ်သတင်းပေး ဒလန်ဟုဆိုသူကို  ရှင်းလင်း
အောက်တိုဘာ 3, 2021

 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း ရုံးပင်ကုန်းကျေးရွာတွင် အာဏာသိမ်းစစ်တပ်ကို အားပေးပြီး သတင်းပေးသည့် ဒလန်ဟုဆိုသည့် အမျိုးသားတစ်ဦးအား "ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း"အဖွဲ့က ရှင်းလင်းလိုက်ကြောင်း သတင်းထုတ်ပြန်လာသည်။

ရုံးပင်ကုန်းကျေးရွာနေ သိန်းတင့်ဆိုသူသည် အာဏာသိမ်းစစ်တပ်ကို သတင်းပေးသည့်အတွက်ဟုဆိုကာ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ ည(၁၁)နာရီ(၁၀)မိနစ်အချိန်က "ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း"အဖွဲ့မှ မဟာမိတ်အဖွဲ့ဖြစ်သည့် ဝက်လက်လျှပ်စစ်စီး အဖွဲ့နှင့်ပူးပေါင်းပြီး သုတ်သင်ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 "ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း"အဖွဲ့က ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့အကူး (ဝဝး၄၇)နာရီအချိန်ကလည်း ဝက်လက်မြို့နယ်အတွင်း ရေသောက်ကန်ရွာ၏ အရှေ့ဘက်ရှိ Mytel တာဝါတိုင်အား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။