မကွေးမြို့တွင်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးရှေ့ ဗုံးကွဲ၍  မြို့တွင်းသို့ လာမည့် ကားနှင့်ဆိုင်ကယ်များကို မြို့ထဲ ပေးမဝင်

ပုံအညွှန်း - ကန်ပြားအဝင် ပိတ်ထားပုံ  Photo: CJ
ပုံအညွှန်း - ကန်ပြားအဝင် ပိတ်ထားပုံ Photo: CJ
မကွေးမြို့တွင်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးရှေ့ ဗုံးကွဲ၍  မြို့တွင်းသို့ လာမည့် ကားနှင့်ဆိုင်ကယ်များကို မြို့ထဲ ပေးမဝင်
စက်တင်ဘာ 14, 2021

မကွေးမြို့ရှိ မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားနောက် မကွေးမြို့အဝင်အထွက်ကို ပိတ်လိုက်ပြီး လာသမျှ ကားနှင့်ဆိုင်ကယ်များကို အနောက်ပြန်လှည့်ခိုင်းနေကြောင်း သိရသည်။

မကွေးမြို့အဝင်အထွက်များဖြစ်သည့် တောင်တွင်းလမ်း နှင့် နတ်မောက်အဝင်လမ်းများကို ပိတ်ထားပြီး လာသမျှ ကား နှင့် ဆိုင်ကယ်များကို ပြန်လှည့်ခိုင်းနေသလို မြို့တွင်းလည်း စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

ပေါက်ကွဲမှု တခုခုဖြစ်ပြီဆိုရင်တော့ အဲ့လိုပါပဲ ထထ စစ်တတ်တာ။ လမ်းပိတ်တတ်တာတွေလုပ်တာက သူတို့ရဲ့ အထှာဖြစ်နေပါပြီ။ အခုလောလောဆယ်တော့ နတ်မောက်ဘက်က ဝင်လာတဲ့ ကား/ဆိုင်ကယ်တွေကို ပြန်လှည့်ခိုင်းနေတယ်

ဟု ဒေသခံတစ်ဦးက ယနေ့  နံနက်(၁၁)နာရီအချိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့ထဲ အဝင်အထွက်ကိုတော့ မည်သည့်အချိန်ထိ ကန့်သတ်မည်ကိုတော့ မသိသော်လည်း နံနက်(၁၁)နာရီအချိန်အထိ ဆက်လက်ကန့်သတ်ထားနေခြင်း ဖြစ်သည်။

မကွေးမြို့တွင် ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့ နံနက်ပိုင်းက ဗုံးကွဲမှုကြောင့် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့ရှိ ကွမ်းယာဆိုင်မှ ကလေးငယ်တစ်ဦးမှာ သေဆုံးသွားပြီး ပန်းရံလုပ်သည့် လူငယ်တစ်ဦးလည်း ဝမ်းဗိုက်နှင့် ခြေထောက်များကို ဗုံးစထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

 

ဆက်စပ်သတင်း

မကွေးမြို့ရှိ ပြည်ခိုင်ဖြိုးရုံးရှေ့ ဗုံးပေါက်ကွဲ၍ ကလေးတစ်ဦးသေဆုံး၊ မြို့အဝင်အထွက် ပိတ်ပြီး စစ်ဆေးနေ