ပဲခူးတိုင်းအတွင်း ညောင်လေးပင်ခရိုင် ၊ ကျောက်ကြီးမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း လမ်းကင်းများချထားကာ လမ်းသွားလမ်းလာများကို စစ်ဆေးမှုလုပ်နေ၍ ပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်သည် လမ်းကင်းများဖြင့် ပြည်သူများအား စစ်ဆေးနေခြင်းအပြင် ကျေးရွာများအတွင်း တပ်အင်အားချထားခြင်းကိုပါ လုပ်နေသဖြင့် ဒေသခံများမှာ လုံခြုံရေးစိုးရိမ်နေရပြီး သွားလာရေးအတွက်လည်း အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။
အာဏာသိမ်းတပ်က ကျေးရွာများအနီး အရပ်သားကားများဖြင့် တပ်အင်အား ချထားမှုများကိုလည်း လုပ်နေသည်ဟု သိရသည်။
ညောင်လေးပင်ခရိုင် ၊ကျောက်ကြီးမြို့နယ်တွင် COVID 19 ကြောင့်အခက်အခဲဖြစ်နေချိန်တွင် အာဏာသိမ်းတပ်က ဒေသတွင်း လှုပ်ရှားနေမှုကြောင့် ဒေသခံများမှာ စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ရန် အခက်အခဲဖြစ်နေကြရကြောင်း သိရသည်။