မကွေးမြသလွန်တောင်ခြေရှိ အာဏာသိမ်းတပ်စခန်းတွင် ကျယ်လောင်သည့် ပေါက်ကွဲသံကြားရ

မကွေးမြသလွန်တောင်ခြေရှိ အာဏာသိမ်းတပ်စခန်းတွင် ကျယ်လောင်သည့် ပေါက်ကွဲသံကြားရ
စက်တင်ဘာ 10, 2021

မကွေးမြို့ မြသလွန်ဘုရားတောင်ခြေရှိ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းတွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့ ညနေ (၅)နာရီဝန်းကျင်က ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ချက်ကြားရပြီးနောက် အနီးဝန်းကျင်တွင် တင်းကြပ်စွာ ပိတ်ဆို့စစ်ဆေးနေကြော်ငး သိရသည်။

“ပေါက်ကွဲသံအကျယ်ကြီး တစ်ချက်ကြားလိုက်တယ်။ ပြီးတော့ ရဲကားတွေ အရေးပေါ်အသံတွေဖွင့်ပြီး အဲဒီဘက်ထွက်သွားတာ တွေ့တယ်”ဟု မကွေးမြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပေါက်ကွဲသံထွက်လာပြီးနောက် အဆိုပါတပ်စခန်းဘက်သို့ ရဲကားနှင့် အရေးပေါ်ကားများ အလျင်အမြန်ထွက်ခွာသွားကြောင်း သိရပြီး ဘုရားကြီးအတက်လမ်းအပါအဝင်ကို အနီးဝန်းကျင်ကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက စစ်ဆေးနေကြကြောင်း သိရသည်။

 

မကွေးမြသလွန်ဘုရားအတက်လမ်းဘက်ရှိ အာဏာသိမ်းတပ်စခန်းတွင် ပေါက်ကွဲသွားခြင်းဖြစ်ပြီး ဗုံးခွဲခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ခန့်မှန်းထားပြီး ထိခိုက်ကျဆုံးမှုနှင့် ဖြစ်စဉ်အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။