တန့်ဆည်မြို့နယ်တွင်းက အာဏာသိမ်းစစ်တပ်၏ Mytel တာဝါတိုင် ဗုံးခွဲ မီးလောင် 

Photo: CJ
Photo: CJ
တန့်ဆည်မြို့နယ်တွင်းက အာဏာသိမ်းစစ်တပ်၏ Mytel တာဝါတိုင် ဗုံးခွဲ မီးလောင် 
စက်တင်ဘာ 9, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂)စုထဲက Mytel တာဝါတိုင် (၂)တိုင် စက်တင်ဘာလ(၈)ရက်နေ့ ညပိုင်းက ဖောက်ခွဲဖျက်ဆီးခံလိုက်ရ၍ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

တန့်ဆည်မြို့ ကုန်စွာကျေးရွာအုပ်စု၊ ထောင်သွင်း ကျေးရွာအနီးရှိ Mytel တာဝါတိုင် နှင့် လယ်တီးကျေးရွာအုပ်စုအတွင်း ကံသစ်ကျေးရွာ အရှေ့ဘက်မှ Mytel တာဝါတိုင်တို့  ဖောက်ခွဲဖျက်ဆီးခံရခြင်း ဖြစ်သည်။

တန့်ဆည်မြို့နယ်အတွင်း ယခု ရက်ပိုင်းအတွင်း၌ အာဏာသိမ်းစစ်တပ်၏ အကျိုးစီးပွားလုပ်ငန်းတစ်ခုဖြစ်သည့် Mytel ၏ တာဝါတိုင်များနှင့်စက်ခံများ ဖောက်ခွဲဖျက်ဆီးခံရမှုမှာ အနည်းဆုံး (၁၀)နေရာအထက် ရှိနေကြောင်း ဒေသခံများထံက သိရသည်။