ချင်းပြည်နယ်တွင်း အာဏာသိမ်းစစ်ကောင်စီ၏ စီမံကိန်းများ၊ တင်ဒါလုပ်ငန်းများ လုပ်ဆောင်ခြင်းကို CDF တားမြစ်

ချင်းပြည်နယ်တွင်း အာဏာသိမ်းစစ်ကောင်စီ၏ စီမံကိန်းများ၊ တင်ဒါလုပ်ငန်းများ လုပ်ဆောင်ခြင်းကို CDF တားမြစ်
စက်တင်ဘာ 5, 2021

ချင်းပြည်နယ်တွင်း အာဏာသိမ်းစစ်ကောင်စီ၏ ဘတ်ဂျက်အသစ်ဖြင့် စီမံကိန်းများ၊ တင်ဒါလုပ်ငန်းများကို လုပ်ဆောင်ခြင်းမပြုကြရန် CDF က တားမြစ်လိုက်ပြီး လိုက်နာခြင်းမရှိပါက အရေးယူမည်ဟု ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် ထုတ်ပြန်သည်။

တည်ဆဲဘတ်ဂျက်ဖြင့် လုပ်ကိုင်နေဆဲ တင်ဒါလုပ်ငန်းများအနေဖြင့် စက်တင်ဘာလကုန်တွင် အပြီးသတ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး RE ဘတ်ဂျက်ဖြင့် သော်လည်းကောင်း၊ ဘတ်ဂျက်အသစ်ဖြင့် သော်လည်းကောင်း ထပ်မံဆောင်ရွက်ကြမည့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့၏ စီမံကိန်းလုပ်ငန်းမှန်သမျှကို ပြည်သူ့အစိုးရတစ်ရပ် ပေါ်ပေါက်သည်အထိ လုပ်ကိုင်ခြင်းမပြုကြရန် တားမြစ်ထားသည်။

ပြည်သူတပ်ဆင်ပေးသည့် လက်နက်ဖြင့် ပြည်သူကို နိုင်ထက်စီးနင်း ညှင်းပန်းနှိပ်စက်နေသည့် အာဏာသိမ်းအဖွဲ့က ပြည်သူ့ဝန်ဆောင်မှု၊ ဒေသတွင်းဖွံဖြိုးရေးစသော အတုယောင် ခေါင်းစဉ်များတပ်ကာ နိုင်ငံရေးကစားကွက်နှင့် စည်းရုံးရေးမက်လုံးများပေးသော စီမံကိန်းအမျိုးမျိုးအား မတရား ဖော်ဆောင်ခြင်း၊ ယင်းစီမံကိန်းများအကြောင်းပြလျက် အကြမ်းဖက်စစ်အုပ်စု၏ ဒေသတွင်း နယ်မြေစိုးမိုးရေးနှင့် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားများအေပါ် စုံစမ်းထောက်လှမ်းမှုများ ဆောင်ရွက်နေသည်ကိုလည်း မြင်တွေ့နေရသဖြင့် ယင်းကဲ့သို့ တားမြစ်ခြင်းဖြစ်သည်ဟု ဆိုသည်။

#TachileikNewsAgency