နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအောက်ရှိ တိုင်း/ပြည်နယ်/ခရိုင်ရုံးများအနေဖြင့် ရုံးစာများကို လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် Facebook ပေါ်တို့တွင် ဖြန့်ဝေခြင်း ပေါက်ကြားခြင်းများမရှိရေး အထူးအလေးထားကြပ်မတ်သွားရန် လျှို့ဝှက်ညွှန်ကြားထားကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်းများအားလုံး Covid-19 ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက်ဟုဆိုကာ ဂျင်းပြုတ်ရည်သောက်ကြရန် ညွှန်ကြားထားမှုများရှိခဲ့သလို အာဏာသိမ်းစစ်ကောင်စီအတွက် ဝါဒဖြန့် ဟောပြောပေးထားသည့် မိုးဟိန်း ၏ ဟောပြောချက်များကို ကြည့်ရှုရုံတင်မဟုတ်ဘဲ ချပြရှင်းလင်းဆွေးနွေးရန်လည်း ညွှန်ကြားထားသည့် လျှို့ဝှက်ညွှန်ကြားစာများ ထွက်ပေါ်လာပြီးနောက် ရုံးစာများ မပေါက်ကြားရေး ယခုလို ထပ်မံ၍ လျှို့ဝှက်ညွှန်ကြားခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်စပ်သတင်း